New Year Celebration in Yangon

၂၀၀၇ခုနှစ်ု၏ ဆည်းဆာသို့ ရောက်လုနီးသည့်အခါတိုင်းတွင် လာမည့်အနာဂတ်ကာလလေးတွင် new year ဟူသည့်နှစ်သစ်က လက်လှမ်းလို့ကြိုဆိုနေစမြဲပါပဲ။ ထိုနှစ်သစ်ကို ရောက်မည့်အချိန်သည် ဒီဘက်နှစ်ဟောင်း၏ ဆည်းဆာကို ကျော်ဖြတ်ရမည်မှာ အမှန်ပင်ဖြစ်သည်။

ထိုသို့ ဆည်းဆာကို ကျော်ဖြတ်ရာ၌ တစ်ချို့လူကြီး၊ လူငယ်၊ လူရွယ်တို့သည် ညလုံးပေါက်မအိပ်ဘဲ အပျော်ကြီးပျော်ခဲ့ကြပေသည်။ ထိုသို့ပျော်ခဲ့ကြရာတွင် အရက်သေစာသောက်စားမူးရူးပြီး အုပ်စုဖွဲ့၍ လမ်းမကြီးတစ်လျှောက် အော်ဟစ်သီချင်းဆိုကာ အပျော်လွန်ခဲ့ကြသည်။ ဤတွင်မက ရန်ကုန်မြို့၏ ထင်ရှားသည့် ရပ်ကွက်တစ်ခု ဖြစ်သည့် တက္ကသိုလ်ရိပ်သာလမ်းထဲတွင် နိုက်ကလပ်ကြီးတစ်ခုဖွင့်လှစ်ထားသည်။ ထိုနှိုက်ကလပ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပိုင်ဆိုင်သည်ဟုဆိုပါသည်။ ထို့ကြောင့် ၄င်းနိုက်ကလပ်တွင် အစောင့်အရှောက်များစွာ ရှိသည်ဟု သိရပါသည်။ အဆိုပါညက ထိုနိုက်ကလပ်သို့ တက်ရောက်လာသော မိန်းမယောက်ျားများသည် အရက်ကို အလွန်အကျွံသောက်ကာ လူပုံအလယ်၌ မရှက်မကြောက် တစ်ဦးကိုတစ်ဦးပွေ့ဖက်ကာ အနောက်တိုင်းအကဖြင့်ကနေကြသည်။ အထူးသဖြင့် မိန်းခလေးများသည် ၀တ်လစ်စလစ်ဖြင့် ကနေကြသည်မှာ ယိုသူမရှက် မြင်သူရှက်ဆိုသကဲ့ပင်တည်း။ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ပေးခြင်း ဖြင့် နိုက်ကလပ်သို့ တက်ရောက်ခွင့်ရကြသည်ဟု သိရပါသည်။

သည်တွင်မက မြို့တစ်မြို့၏ တက္ကသိုလ်ကြီးတစ်ခုတွင် တက္ကသိုလ်ဆရာမအချို့သည် အရက်သောက်ကာ ကျောင်းသားများနှင့် ရောနှောပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။ အမှန်ကား နိုင်ငံ့ခေါင်းဆောင်တို့သည် တိုင်းသူပြည်သားတို့ ၏ ရှေ့ဆောင်လမ်းပြဖြစ်သကဲ့သို့၊ တက္ကသိုလ်ဆရာ/ဆရာမများဟူသည် ကျောင်းသား/သူများ၏ မကောင်းမြစ်တာ ကောင်းရာညွန်လတ် ရှေ့ဆောင်လမ်းပြများဖြစ်ပါလျှက် အကျင့်စာရိတ္တဖေါက်ဖြစ်ကာ လမ်းမှားလိုက်နေကြမည်ဆိုပါလျှင် လမ်းညွန်မှုမကောင်းသော တိုင်းသူပြည်သားများ ရှေ့ဆောင်မှုမကောင်းသော ကျောင်းသူကျောင်းသားများသည် မည်သို့ ရှိမည်နည်း၊ နှစ်သစ်မှသည် နောင်လာမည့် အနာဂတ်ကာလအတွက် တွေးဝံ့စရာမရှိပေ။ မိသားစု ပြည့်စုံရန်သာ သိကြပြီး နိုင်ငံအတွက် တာဝန်မဲ့သော နိုင်ငံ့ခေါင်းဆောင်ဆိုသူများ၏ အကျင့်စာရိတ္တပျက်ပြားမှု၊ တက္ကသိုလ်ဆရာ/ဆရာမများ၏ အကျင့်ပျက်ပြားမှုတို့ ကြောင့် နှစ်သစ်ကူး၌ မှန်ကန်၍ တန်ဘိုးရှိသော ပျော်ရွှင်မှုများ ပျောက်ကွယ်ခဲ့ရသည်။ သည်အတိုင်းဆိုလျှင် ၂၀၀၇ ခုနှစ်၏ ဆည်းဆာမှသည် နှစ်သစ်ဆီသို့ ဖြတ်ကျော်ရာတွင် အဓိပ္ပါယ်ရှိသော ဖြတ်ကျော်မှုမဟုတ်နိုင်တော့ချေ။

ပြောလိုသည်မှာ-

နှစ်ဟောင်း၏ ဆည်းဆာမှသည် နှစ်သစ်ဆီသို့ ကျော်ဖြတ်ကြသောအခါ အဓိပ္ပါယ်ရှိသော ကျော်ဖြတ်ခြင်းဖြင့် ကျော်ဖြတ်နိင်ရန်အရေးကြီးပေသည်။ ထိုသို့ ကျော်ဖြတ်နိုင်ရန်အတွက် တိုင်းသူပြည်သားတို့၏ ရှေ့ဆောင်လမ်းပြဖြစ်သော နိုင်ငံ့ခေါင်းဆောင်များနှင့် ကျောင်းသား/သူများ၏ ရှေ့ဆောင်လမ်းပြဖြစ်သော တက္ကသိုလ်ဆရာ/ဆရာများ၏ အကျင့်စာရိတ္တနှင့် ပြုမူနေထိုင်မှုတို့ကို ပြုပြင်ရပေမည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြုမှုကျင့်သုံးနေထိုင် သွားကြမည်ဆိုလျှင် တိုင်းသူပြည်သား၊ ကျောင်းသား/သူများ၏ အကျင့်စာရိတ္တကောင်းမွန်လာနိုင်ပါသည်။ ထိုသို့ ကောင်းမွန်ပြည့်စုံမှသာလျှင် နှစ်ဟောင်း၏ဆည်းဆာမှသည် နှစ်သစ်ဆီသို့ အဓိပ္ပါယ်ရှိစွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။

This blogger has decided this post copied from Hit Taing, not to be translated into English.

Sit Mone

Copied from Hitaing News http://www.hittaing.org/letter/

 

 

 

 

 

Cow and Buffalo Electricity! Animals are tortured in Burma as well.

tortureofanimals.jpg

Yangon Dec 15

“Environmentally friendly” electrical production using animal power will be implemented in ninety villages in the Rangoon division. Won Toil Co Ltd is a pioneer company producing electricity by using Animal Power for the villages in the Rangoon Division.

A Cow or a Buffalo can produce one Kilo Watt of Electricity, which can produce enough power for 200 Fluorescent lights.

There will be a computer monitoring system to monitor the level of exhaustion of the animals, so that the engineers will be able to change the animals before complete break down. After the successful implementation of the systems, villagers are expected to use the Animal Electricity for internet and cellular phone usage.

Source Niknayman’s Blog

http://niknayman.blogspot.com/

translated by

Sit Mone