မသိပဲခင်မိသော..နီကိုရဲ

ကိုယ်လဲဒီBlog မှာကွယ်လွန်သူတွေအကြောင်းပဲဆက်တိုက်ရေးနေမိသလိုဖြစ်
နေပြီထင်ပါရဲ့။
လွန်ခဲ့တဲ့ အပတ်က ကိုယ့်အမျိုးသမီးကမြန်မာ စာအုပ်တအုပ်ကို ” ဖတ်ကြည့်ပါ
ကောင်းတယ်လို့” ညွန်းလာတယ်။
နောက်ပိုင်း မြန်မာBlog တွေကလွဲလို့ပြည်တွင်းကစာအုပ်တွေမဖတ်ဖြစ်တာများတယ်။
ရေးနိုင်တဲ့ဘောင်အတွင်းကဖြစ်သလိုရေးကြရတော့ တခါလာမဲပြာပုဆိုး စာတွေ ပဲ
များနေတော့သိတ်စိတ်ဝင်တစားမရှိလှဖူး။
Blog တွေကို Google reader နဲ့ link လုပ်ထားပြီးစိတ်ဝင်စားမှပဲဝင်ဖတ်ဖြစ်တယ်။
ထားပါတော့ ဒါကကိုယ့်စိတ်တွေစာဖတ်ဖို့အာရုံမရတာကိုပြောခြင်တာပါ။

အမျိုးသမီးက လွင်မိုး အကြောင်းနဲ့ ချောင်းသာအကြောင်း တွေပါတယ်၊အတော်ရယ်ရတယ်
လို့ညွန်းတာနဲ့နီကိုရဲကိုမသိပဲသူ့စာအုပ်ကိုလွင်မိုးကိုအ ကြောင်းပြုပြီးဖတ်မိတယ်။
နီကိုရဲရဲ့စာအုပ်ကရုပ်ရှင်သရုပ်ဆောင်တွေရဲ့ နောက်ကွယ်ကအဖြစ်တွေကိုဟာသ
ရသမြောက်အောင်ရေးထားတာပါ။
စဖတ်မိတာနဲ့စာအုပ်ကိုလက်ကမချပဲတထိုင်ထဲပြီးအောင်ဖတ်မိတယ်။။ကိုယ့်အတွက်တော့
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်မှာ ပထမဆုံးထိုင်ရာမထဖတ်ဖြစ်တဲ့မြန်မာစာအုပ်ပါ။
ပြီးသွားတော့ နီကိုရဲကိုစိတ်ထဲက တခါထဲခင်မင်သွားမိတယ်။
သူ့ရဲ့စာ တွေမှာနီကိုရဲ ရဲ့ ရိုးသားမှူ ဟန်မဆောင်တတ်မှူ တွေကို တွေ့ရတယ်။
ကိုယ်မှတ်မိသလောက် ကွယ်လွန်ရှာပြီဖြစ်တဲ့စာရေးဆရာကြီးသော်တာဆွေ မှာလဲ
ဒီလို“စန်း“မျိုးရှိပါတယ်။
သူရေးထားတဲ့ ကြည်ပြာကို ရှာဖတ်ဦးမယ်လို့စိတ်ထဲကတေးထားပြီး မြန်မာ.စာပေလောက
အတွက် စာရေးကောင်းတဲ့သူတယောက် တိုးလာတယ်လို့အားရဝမ်းသာ ဖြစ်မိပါတယ်။

ဒါပေမဲ့
သူ့စာအုပ်ထုတ်ဝေတဲ့နှစ်ကြည့်လိုက်တော့ ၂၀၀၂ ခုနှစ်ထုတ်ဖြစ်နေတယ်။ကြာလှပါပကော
လို့ပဲအမှတ်မဲ့ တွေးမိတယ်။အလုပ်များလို့ အခုရက်ပိုင်း email တောင် check မလုပ်နိုင်ဖူး။
ဒီနေ့မှမိုးမခမှာ နီကိုရဲ ကွယ်လွန်ခြင်းသတင်းဖတ်လိုက်ရတော့အတော်စိတ်မကောင်းဖြစ်မိတယ်။
အမျိုးသမီးကို ဖုန်းလှမ်းဆက်တော့သူလဲအတော်စိတ်ထိခိုက်ပုံရတယ်။
ကိုယ်တို့နဲ့သူခင်တာရက်ပိုင်းပဲရှိသေးတာလေ…..
ဆက်ပြီးမေညိမ်းရဲ့ Blog မှာသူ့ရဲ့ဓတ်ပုံ နဲ့ ဝမ်းနည်းစာ မိုးချိုသင်းရဲ့ နီကိုရဲ အမှတ်တရစာ
တွေဖတ်ပြီးသူ့ကိုပိုသနားမိတယ်။
ဧရာဝတီကအင်တာဗျူး ဖတ်ပြီးတော့မှ ဒါကြောင့်သူ့စာတွေဆက်မဖတ်ရပါလားလို့ စိတ်ထား
သေးသိမ်တဲ့ ထုတ်ဝေသူကို အတော်ဒေါသထွက်မိတယ်။
အခုလောက်ဆိုရင်တော့သူ့ဈာပန ပြီးလောက်ရောပေါ့။
သူ့ကိုချစ်ကြတဲ့ လွင်မိုးတို့၊ကုသိုယ်၊အရိုင်း၊ကင်းကောင်တို့ ငိုနေကြသလား?
သူ့ရဲ့ပါရမီဖြည့်ဖက်ဇနီး နဲ့ သမီးလေးတို့အတွက် နီကိုရဲ ကိုမမြင်ဖူးပဲခင်တဲ့သူတွေ
အများကြီးပါလို့။.

စစ်မုန်း