ဘလော့ လည်ပတ်ခြင်း
ဒီနေ့ ကလိုစေထူးဘလော. မှာခဏနားမယ်လို့ရေးထားတာတွေ့မိလို့
ဒီပိုစ ရေး ဖြစ်တယ်။ဘလော့ဂါတိုင်းဟာသူ့ရဲ့ ဘလော့ကို သံယောဇဉ်ရှိ
ကြစမြဲ မို့ ကိုယ့်အကြောင်းနဲ့ကိုယ် မလွှဲမရှောင်သာမှသာ နားလေ့ရှိပါတယ်။
ဘလော့ ဖျက်ရတာလဲ အကြောင်းကြောင်းတွေရှိကြမှာပါ။
ကလိုစေထူး ဟာစာရေးကောင်း ပြီးစာဖတ်သူတွေကိုဆွဲဆောင် နိုင်စွမ်းရှိတဲ့
ဘလော့ဂါကောင်းတစ်ယောက်ပါ။ ကိုယ် အမြဲလိုလိုသူ့ဘလော့ လေးကိုလည်ပတ်
မိတိုင်းဖတ်ပြီးရင် တွေးစရာ ကျန်နေခဲ့လေ့ရှိပါတယ်။ ကလိုစေထူး စာတွေ သိတ်မကြာခင်
ပြန်ဖတ်ရ လိမ့်မယ်လို့ မျော်လင့်မိနေပါရဲ့။
ကိုထိုက်ရဲ့ဘလော့ကိုလဲအလည်ရောက်မိတယ်။ ကျန်းမာရေးဒုဝန်ကြီးဒေါက်တာပိုင်စိုးရဲ့
ရမ်းကားမှူ ဟာဟုတ်လောက်တယ်လို့ယူဆပါတယ်။ ဆေး (တစ်) ပါမောက္ခ ဆရာညွန့်သိန်း
ရဲ့ လက်မှတ်မထိုးပဲ ငြင်းဆန်မှူကို အဝေးတနေရာမှအလေးပြူပါတယ်။ဆေးပညာရှင် တွေဟာ
မြန်မာပြည်ရဲ့အနည်း ငယ်သာကျန်တော့တဲ့ middle class လူတန်းစားထဲမှာ အနစ်နာခံပြီး
စုတ်ပြတ်သတ်နေတဲ့ပညာရေးစနစ်ထဲမှာ ကိုယ်ကျိုးစွန့်နေခဲ့ ပြီး
့တတ်နိုင်သလောက် ဆရာဝန်တွေ မွေးထုတ်ပေး နေသူတွေပါ။
ဒီလူတန်းစားထဲ အထိအာဏာရှင်စနစ်ရောက်လာတာ အတော် အံ့ဩမိတယ်။
ဆရာဝန်တွေအဆင့်မမှီရင် သူတို့လက်ထဲအသက်အပ်ထားရတဲ့လူနာတွေ ရဲ့ဘဝကို
စဉ်းစားစာနာကြည့် ကြပါ။တကယ်တော့ မြန်မာပြည်ကဆရာဝန်အသိုင်းအဝိုင်းမှာ who is
who ဆိုတာ အခြင်းခြင်း သိနေကြပါတယ်။ ကိုယ့် legacy ကိုယ့်သမိုင်းကိုယ်ရေးနေကြတာ
ကိုမမေ့ဖို့ ဆရာကြီးများကိုဆရာလုပ်လိုက်ရပါတယ်။
စစ်မုန်း

