General Aung San, Poem by Daw Nu Yin
အမိမြေမှ၊ သန့် စင်ကြရာ
သူကထူးခြား၊ ဇာနည်ဖွား၏။
သူငယ်ဘ၀၊ ဆော့မြူးကြလျှင်
သူကငေးကာ၊ တနေရာမှ
မျက်လွှာမယှက်၊ အတွေးနက်၏။
ကျောင်းသားတကာ၊ ဖွေရှာသိပ္ပ
ဆည်းပူးကြခိုက် ၊သူကထူးချွန်
ဇာတိမာန်ဖြင့်၊ ထက်သန်လုံ့ လ
ရဲသွေးကြွ၏။
အသက် သုံးဆယ်၊ ၀န်းကျင်ဝယ်၌
အရွယ်စက ၊ ခေါတုံကြလည်း
သူကသတ္တိ ၊ ရဲရဲ ငြိလျှက်
အမိမြန်မာ၊ ရတနာသား
ဇာနည်ဖွားဟု၊ ထင်ရှားပီပီ
ရှေ့ သို့ ချီ၏။
သြော်- ဇာနည်သတ္တိ၊ တိုင်းမရှိ
သူ၏ မေတ္တာ၊ အထုမှာလည်း
နှိုင်းရာ မရ ၊ကြီးမားစွကို
ကြုံရာဘေးရန်၊ အတန်တန်၌
နောက်ပြန်မတွန့် ၊ ရံရံ ၀န့် သည်
သက်စွန့် ခန္ဒ္ဒာ၊ ကြွေသည့်တိုင်။
နုယဉ် (၁၅ ၊ ၀၇၊ ၄၆ )
Copied from Hit Taing


Blog Readers said..